။ နံနက်ခင်းချိန် သြဝါဒကထာ(စကား) ။

။ ကိုယ်ပိုင်အလုပ်ကို မေ့နေသမျှ ဒုက္ခကမမေ့ဘူး။။ ဒုက္ခက မနေရင် ဒုက္ခအကြောင်းကို သေချာသိပါစေ။။ ပြီးပြီးပျောက်ပျောက် မနေပါနှင့်။။ အမှတ်တမဲ့ မနေပါနှင့်။။ မျှော်မှန်းတွက်ချက်တတ်ပါစေ။။ ဂုဏ်လာဘ်ခြွေရံကျော်စောမှု သတိအမြဲပြုပါ။။ ရုန်းကန်ရမယ့်အလုပ်ကို ရုန်းကန်ပါ။။ အရှုံးခံရမယ့်အလုပ်ကို စိတ်ကူးမနေပါနှင့်။။ အောက်ကျနောက်ကျမဖြစ်ချင်ရင် အချိန်လေးစားမြတ်နိုးပါ။။ ကုသိုလ်မရတဲ့နေ့ မဖြစ်ပါစေနှင့်။။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို မဖျက်ဆီးနှင့်။။ တစ်နေ့အတွက်မမေ့ဖို့ အလေ့ကောင်းကို သတိပြု။ တောင်ကလေးဆရာတော်( ၃ . ၄ . ၂၀၁၉ )ရက်နေ့။